ရွှေအင်းဝမိသားစု B&B သည် လုံးတုံမိန်းလမ်းမဘေး၊ ရဲစခန်းအနီးနားတွင်တည်ရှိသည်။ ရွှေအင်းဝအိပ်ယာ နှင့်နံနက်စာတည်းခိုဆောင်ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ညီအစ်မသုံးယောက်မှစတင်ဖွင့်လှစ်ခဲ့သည်။ ရှမ်းနီရိုးရာအိမ်ပုံစံဖြစ်ပြီး အခန်းလေးခန်းပါရှိကာ အပေါ်ထပ်တွင်အိမ်ရှင်မိသားစုနေထိုင်သည်။ အခန်းအားလုံးတွင် ခေတ်မီအိပ်ယာ၊ စားပွဲနှင့် အကျီချိတ်များပါရှိသည်။ ကျယ်ဝန်းသောဧည့်ခန်းတွင် ရိုးရာပရိဘောဂများဖြင့်ဆင်ယင်ထားပြီး ဧည့်သည့်များနားနေရန်နှင့် အခြားဧည့်သည်များနှင့် စကားလက်ဆုံကျရန်ကောင်းမွန်သောနေရာဖြစ်သည်။ အိမ်အနောက်ဘက်တွင် ဒေသစတိုင်အိမ်သာနှင့် ရေချိုးရေပုံးပါရှိသော ရိုးရှင်းသည့်ရေချိုးခန်းတစ်ခုရှိသည်။ အခန်းတိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ပါက အရေးပေါ်မီးထွန်းရန် ဖယောင်းတိုင်များထားရှိပြီး သင်၏အခန်းခထဲတွင်နံနံက်စာအတွက်ပါပါရှိမည်ဖြစ်သည်။
- Breakfast
- Common Room
- Fan
- Free tea & coffee
- Free water
- Laundry service
- Linen
- Mosquito net
- Shared bathroom
- Small restaurant
- Towel
- Traditional shower