Community

Green Land

Green Land is a local organisation supporting disadvantaged households in Indawgyi to develop value-added products from home gardens, agroforests, and non-timber forest products to improve their livelihoods. 

တုံစံခလူထုအခြေပြုခရီးသွားဝန်ဆောင်မှုအဖွဲ့ (Ton San Kha-CBT)

↹ EN

တုံစံခလူထုအခြေပြုခရီးသွားဝန်ဆောင်မှုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင်တည်ထောင်ခဲ့ပါသည်။ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များကို ကျေးရွာ၏ထူးခြားလှပသောသဘာဝရှုခင်းများနှင့်အတူ သန့်ရှင်းလတ်ဆတ်သော ဩဂဲနစ်အစားအစာများဖြင့် နေ့လည်စာဝန်ဆောင်မှုပေးလျက်ရှိပါသည်။ တုံစံခလူထုအခြေပြုခရီးသွားဝန်ဆောင်မှုအဖွဲ့သည် တုံစံခကျေးရွာပတ်ဝန်းကျင်ရှိ ဩဂဲနစ်စိုက်ခင်းများမှရရှိသော ဟင်းသီးဟင်းရွက်များကိုသာ အသုံးပြုခြင်းဖြစ်သည်။

တောရိုင်းတိရစ္ဆာန်မိတ်ဆွေများအသင်း (FoW)

↹ EN

FoW သည်ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ရည်မှန်းချက်များဖြစ်သည့် အသက်မွေး ဝမ်းကျောင်းမှုမျိုးစုံကွဲပြားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးရေး၊ ပြည်သူလူထူပူးပေါင်းပါဝင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲသုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအောင်မြင်အောင် ရည်ရွယ်လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ FoW သည် အင်းတော်ကြီးဒေသတွင် ရေရှည်တည်တံ့သောငါးလုပ်ငန်း၊ အစုအဖွဲ့ ပိုင်သစ်တောတည်ထောင်ခြင်းလုပ်ငန်းများနှင့် အစားထိုးအသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများကို ပံ့ပိုးကူညီ ပေးလျက်ရှိသည်။

ပါရမီလူမှုကူညီရေးအသင်း (PRM)

↹ EN

နန့်မွန်းမြို့ရှိ ပါရမီနာမှုကူညီရေးအသင်းသည် ပြည်သူလူထုအခြေပြု စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးဝန်ဆောင်မှု လုပ်ငန်းများကိုတိုးချဲ့လုပ်ဆောင်လျက်ရှိသည်။ ပါရမီလူမှုကူညီရေးအသင်းသည် အင်းတော်ကြီးကန်ပတ်လည်ရှိ ကျေးရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

မေတ္တာလေညှင်း (MTLN)

↹ EN

မေတ္တာလေညှင်းအဖွဲ့သည် အင်းတော်ကြီးဒေသရှိ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သောကိစ္စများကို လျှော့နည်းစေရန် ဆောင်ရွက်ပေးနေသော ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပညာပေး လုပ်ငန်းများဖြစ်သည့် မက်သတုန်းဖြန့်ဝေခြင်း၊ ရောဂါစစ်ဆေးပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ အဖွဲ့အစည်း၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု ကို တားဆီးကာကွယ်ရန်နှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းများမှတဆင့် ကျန်းမာရေးမြှင့်တင်ပေးရန်ဖြစ်သည်။

အင်းချစ်သူလူမှုဖွံ့ဖြိုးရေးနှင့်သဘာဝအခြေခံခရီးသွားဝန်ဆောင်မှုအဖွဲ့ (ICT)

↹ EN

အင်းချစ်သူအဖွဲ့သည် ၂၀၁၃ ခုနှစ်တွင်ဖွဲ့စည်းခဲ့သော အင်းတော်ကြီးဒေသ၏အရှည်ကြာဆုံးသဘာဝအခြေခံ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းဖြစ်သည်။ အင်းတော်ကြီး ရေဝပ်ဒေသပညာပေးပြခန်းတွင်ရုံးစိုက်ကာ စက်ဘီး ငှားရမ်းခြင်း၊ ကယက်လှေငှားရမ်းခြင်း၊ တောင်တက်လမ်းလျှောက်ခြင်း၊ ငှက်ကြည့်ခြင်း အစရှိသော သဘာဝ အခြေခံခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်း ဖြစ်သည်။ ထို့ပြင် လုံးတုံမြို့ရှိ စွန့်ပစ်အမှိုက်သန့်ရှင်းရေးလုပ်ငန်းများနှင့် သန့်ရှင်းမိလ္လာစနစ်စီမံခန့်ခွဲရေးလုပ် ငန်းများတွင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။

အင်းတော်ကြီးဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးရေးအသင်း (IECDA)

↹ EN

အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် အင်းတော်ကြီးဇီဝအဝန်းနယ်မြေ၏ ကြားခံနယ်မြေများအတွင်း အစုအဖွဲ့ပိုင်သစ်တော တည်ထောင်မှုကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှစတင် ကျေးရွာများမှ သစ်တောအသုံးပြုသူအဖွဲ့ ၁၀ ဖွဲ့ကျော်သည် အင်းတော်ကြီး ကန်ပတ်လည်ရှိသစ်တောများကာကွယ်ရန်နှင့် ပြန်လည်တည်ထောင်ရန်၊ သစ်၊ ထင်းနှင့် သီးနှံသစ်တော ထွက်ကုန်များရေရှည်ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။

အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း (INFA)

↹ EN

အင်းတော်ကြီးဒေသသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်း၏ ရည်မှန်းချက်မှာ သဘာဝစိုက်ပျိုးနည်းအလေ့ အထများကျင့်သုံးကာ အင်းတော်ကြီးဒေသ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ဖြစ်သည်။ အထူးသဖြင့် တောင်သူလယ်သမားများအချင်းချင်း စိုက်ပျိုးရေးဗဟုသုတ ဖလှယ်ရန်နှင့် ပုံမှန်သင်တန်းများပြုလုပ်ရန် အဓိကရည်ရွယ်သည်။ ထို့ပြင် အင်းတော်ကြီးဒေသရှိ တောင်သူများအားလုံး အသင်း၏အဖွဲ့ဝင်ဖြစ်လာရေးနှင့် သဘာဝနည်းဖြင့်စိုက်ပျိုးထားသော ဆန်နှင့် အခြားထွက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်တင်ရေးသည် အသင်း၏အဓိကရည်ရွယ်ချက်ဖြစ်သည်။

အင်းတော်ကြီးလူမှုအဖွဲ့အစည်းကွန်ယက် (CSO Network)

↹ EN

အင်းတော်ကြီးလူမှုအဖွဲ့အစည်းကွန်ယက်ကို ၂၀၁၇ တွင်တရားဝင်မှတ်ပုံတင်စာရင်းသွင်းခဲ့သည်။ အဖွဲ့ အစည်း၏ရည်ရွယ်ချက်မှာ မတူကွဲပြားသောအမြင်များကို တညီတညွတ်တည်းဖြစ်စေပြီး အတွေ့အကြုံ ဖလှယ်ခြင်းများဖြင့် လူမှုအဖွဲ့အစည်းများ၏ကဏ္ဍကိုမြှင့်တင်ကာ အင်းတော်ကြီးဒေသဖွံ့ဖြိုးတိုးတက် စေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ဖြစ်သည်။