Community

↹ EN

အာစီယံဒေသတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းလာမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ACB ကို၂၀၀၅ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ACB သည်အာစီယံအဖွဲ့ဝင်ဆယ်နိုင်ငံအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် အစိုးရ အချင်းချင်းဆက်သွယ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်။ ACB သည် အာစီယံဒေသတွင်းကိုယ်စားပြု ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရန် ထိန်းသိမ်းရေးအရ အရေးကြီးသည့်နယ်မြေများကို အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည်။

ACB သည် German Federal Ministry for Economic Cooperation and Development နှင့် the KfW Development Bank တို့၏ငွေကြေးထောက်ပံ့ပေးမှုနှင့် FFI ၏နည်းပညာနှင့် ကြီးကြပ်ကြည့်ရှုပေးမှုတို့ဖြင့် ရေရှည်တည်တံ့သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အင်းတော်ကြီးကန် အာစီယံအမွေအနှစ် ဥယျာဉ်ရှိ ဒေသခံအဖွဲ့အစည်းများကို အသေးစားငွေကြေးထောက်ပံ့မှုအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိ သည်။

↹ EN

Chances for Nature သည် ရေရှည်တည်တံ့မှုကိုဦးတည်သောခံယူချက်နှင့် စိတ်ကူးစိတ်သန်းများကို သဘာဝကျက်စားရာနယ်မြေများနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်သိမ်းကာကွယ်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ လူသားနှင့်သဘာဝ သဟဇာတရှိစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရှေးရှု၍ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ထိုအဖွဲ့သည် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ကာ အင်းတော်ကြီးဇီဝမျိုးစုံမျိုးကွဲသုတေသနလုပ်ငန်း များနှင့် အင်းတော်ကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ CFN သည် အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်းဖြစ်မြောက်ရေးအတွက် Fauna and Flora International သို့နည်းပညာနှင့်ငွေကြေးအထောက်အပံ့ပေးခဲ့ပါသည်။ CFN သည် အင်းတော်ကြီးဒေသရှိ ဒေသခံဆင်ပိုင်အဖွဲ့များကိုလည်း အိမ်မွေးဆင်များ ကျန်းမာရေးပြည့်စုံကောင်းမွန်စေရန် ထောက်ပံ့ပေးလျက်ရှိသည်။

↹ EN

ဂျာမနီနိုင်ငံ၏တတိယအကြီးဆုံးမြစ်ဖြစ်သော Elbeမြစ်သည် ဥရောပအလယ်ပိုင်းတွင်နောက်ဆုံးကျန်ရှိနေသော သဘာဝနီးပါးကျန်ရှိနေသည့်မြစ်များထဲမှ တစ်စင်းဖြစ်သည်။ ယင်းဇီဝအဝန်းနယ်မြေမှပညာရှင်များ၏ ဗဟုသုတဖလှယ်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်းများသည် အင်းတော်ကြီးဒေသ ပညာပေးအစီအစဉ်များ ပိုမိုကောင်းမွန်လာရေးအတွက် အထောက်အကူပြုလျက်ရှိသည်။.

↹ EN

အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်အဖွဲ့သည် လူသားတို့အနီးပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ကာ ရေရှည်တည်တံ့သောအနာဂတ်ကမ္ဘာကြီးဖန်တီးရန် ရည်မှန်းထားသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည်။ FFI သည် ၂၀၀၈ ခုနှစ်မှစတင်ကာ ဇီဝမျိုးစုံမျိုးကွဲသုတေသနလုပ်ငန်းများကို အင်းတော်ကြီးဒေသတွင်စတင်လုပ် ဆောင်ခဲ့ပြီး အင်းတော်ကြီးဇီဝအဝန်းနယ်မြေသတ်မှတ်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ FFI သည် ဇီဝအဝန်းနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရာတွင် သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အခြား ဒေသတွင်းအစိုးရဌာနများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် လုပ်ငန်းစတင်အကောင် အထည်ဖော်ချိန်မှစတင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ FFI သည် ဘေးမဲ့တောစီမံခန့်ခွဲခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း၊ သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေး၊ ရေရှည်တည်တံ့သော ငါးလုပ်ငန်းဖော်ဆောင်ခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် ပြည်သူလူထုအခြေပြု စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း၊ သန့်ရှင်းမိလ္လာစနစ်ဖော်ဆောင်ခြင်းနှင့် ပြည်သူလူထုပညာပေးလုပ်ငန်းများတွင် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။

↹ EN

ဂျာမနီ Michael Succow Foundation သည် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုထောက်ပံ့ပေးလျက်ရှိပါသည်။ ၄င်းသည် အသွင်ကူးပြောင်းဆဲနိုင်ငံများရှိ အမျိုးသားဥယျာဉ် များနှင့် ဇီဝအဝန်းနယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပါသည်။ MSF ၏ ဇီဝအဝန်းနယ်မြေသတ်မှတ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းကျွမ်းကျင်မှုများဖြင့် Fauna and Flora International မှတဆင့် အင်းတော်ကြီးဇီဝအဝန်းနယ်မြေရှိဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာ ကွယ်ရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးနှင့် နည်းပညာများထောက်ပံ့ပေးလျက် ရှိပါသည်။

↹ EN

ဘာလင်မြို့ အရှေ့မြောက်ဘက်ရှိ Schorfheide-Chorin ဇီဝအဝန်းနယ်မြေသည် အထင်ကြီးဖွယ်ရာ ယဉ်ကျေးမှုများပိုင်ဆိုင်ထားသော ကန်ပေါင်း၂၄၀ခန့်၊ ထောင်ပေါင်းများစွာသောစိမ့်မြေများ၊ မျက်စိတဆုံး မြက်ခင်းပြင်များနှင့် ကွင်းပြင်များဖြင့်ဖွဲ့စည်းထားသည်။ ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုဇီဝအဝန်း နယ်မြေသည် ၄င်း၏အတွေ့အကြုံများ၊ နှစ်စဉ်လေ့လာရေးခရီးစဉ်များမှတဆင့် အင်းတော်ကြီးဒေသ၏ ထိန်းသိမ်းရေးလုပ်ငန်းများ၊ အထူးသဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် သဘာဝလယ်ယာစိုက်ပျိုး ရေးကဏ္ဍများကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။

↹ EN

ဂျာမနီနိုင်ငံ၏မြို့တော်ဘာလင်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ Spreewald သည် လူသားတို့၏လုပ်ဆောင်ချက်များကို ထင်ဟပ်နေသော သဘာဝအနေအထားနီးပါးကျန်ရှိနေသည့် ရေလွှမ်းသစ်တောများနှင့် မြက်ခင်းပြင်များရှိရာနေရာဖြစ်သည်။ ၄င်း၏ဆယ်စုနှစ်သုံးစုခန့်ရှိပြီဖြစ်သော ဇီဝအဝန်းနယ် မြေစီမံအုပ်ချုပ်ရေးလုပ်ငန်းအတွေ့အကြုံများကို အင်းတော်ကြီးဇီဝအဝန်းနယ်မြေသို့ အတွေ့အကြုံဖလှယ်သည့် အစီအစဉ်များမှတဆင့် မျှဝေပေးလျက်ရှိပါသည်။

↹ EN

၁၉၇၁ ခုနှစ်တွင်စတင်ခဲ့သော ယူနက်စကိုလူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်သည် လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်နွယ်မှုတိုးတက်လာစေရန်အတွက် သိပ္ပံနည်းကျဆောင်ရွက်ရန်ရည်ရွယ်သော အစိုးရ အချင်းချင်းဆက်သွယ်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ လူသားနှင့်ဇီဝအဝန်းနယ်မြေသည် လူသားတို့၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ တိုးတက်စေရန်၊ သဘာဝနှင့်စီမံခန့်ခွဲသော ဂေဟနစ်များအား အကာအကွယ်ပေးရန် သဘာဝ၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးတို့ပေါင်းစပ်ထားသောအစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ထိုအစီအစဉ်သည် လူမှုရေးနှင့်ယဉ်ကျေးမှုရှုထောင့်များအရသင့်တော်ကောင်းမွန်ပြီး သဘာဝ ပတ်ဝန်းကျင်ရှုထောင့်အရ ရေရှည်တည်တံ့သော နည်းလမ်းသစ်များကို အသုံးပြုထားခြင်းဖြစ်သည်။ ဇီဝ အဝန်းနယ်မြေကွန်ယက်သည် အင်းတော်ကြီးကန်အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၂ နိုင်ငံတွင် နယ်မြေပေါင်း ၆၈၆ ခုရှိပြီဖြစ်သည်။

↹ EN

Wetland Link International သည် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ရေးအတွက် ကမ္ဘာတဝန်းရှိ ရေဝပ်ဒေ သပညာပေးပြခန်းများကို ချိတ်ဆက်ပံ့ပိုးပေးနေသောကွန်ယက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အင်းတော် ကြီးရေဝပ်ဒေသပညာပေးပြခန်းနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

↹ EN

Wetland Works! သည် ညစ်ညမ်းစွန့်ပစ်ရေများ သန့်ရှင်းအောင်ပြုလုပ်နိုင်မည့် သဘာဝအနုဇီဝပိုးမွှားများ ပေါက်ပွားမှုဖြစ်စဉ်ကို ထောက်ပံ့နိုင်သည့်ရေရှည်တည်တံ့သော ဖြေရှင်းနည်းများပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ အင်းချစ်သူအဖွဲ့နှင့်ပူးပေါင်းကာ ကျန်းမာရေးနှင့်တကိုယ်ရည်သန့်ရှင်းရေးတိုးတက်စေပြီး ထိခိုက်လွယ်သော အင်းတော်ကြီးကန်ဂေဟစနစ်ညစ်ညမ်းမှုကိုလျှော့ချရန် သဘာဝနှင့်လိုက်လျောညီထွေမှုရှိသော အိမ်တွင်းသန့်ရှင်းမိလ္လာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။