Bus

Bus

↹ EN

လမ်းပန်းဆက်သွယ်ရေးသိသာစွာဖွံ့ဖြိုးလာပြီဖြစ်ပြီး ကချင်ပြည်နယ်နှင့်ဆက်သွယ်သွားလာသည့် ခရီးသွား ပို့ဆောင်ရေးကုမ္ပဏီများပိုမိုများပြားလာသည့်အလျောက် ဘတ်စ်ကားသည် အင်းတော်ကြီးသို့လာရောက်ရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ ဘတ်စ်ကားများသည် သစ်လွင်ကောင်းမွန်ပြီး လေအေးပေးစက်များ တပ်ဆင်ထားသောကြောင့် ညကားစီးရန်စောင်ယူခဲ့သင့်သည်။ လက်မှတ်များကို အထူးသဖြင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ကြိုတင်မှာယူသင့်ပါသည်။ ခရီးသွားများ သက်တောင့်သက်သာခရီးသွားလာနိုင်ရန် လက်မှတ်ကြိုတင်မှာယူခြင်းဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနိုင်ပါသည်။

Click here for travel information from Indawgyi