ASEAN Centre for Biodiversity (ACB)

↹ EN

အာစီယံဒေသတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းလာမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ACB ကို၂၀၀၅ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ACB သည်အာစီယံအဖွဲ့ဝင်ဆယ်နိုင်ငံအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် အစိုးရ အချင်းချင်းဆက်သွယ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်။ ACB သည် အာစီယံဒေသတွင်းကိုယ်စားပြု ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရန် ထိန်းသိမ်းရေးအရ အရေးကြီးသည့်နယ်မြေများကို အာစီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည်။

ACB သည် German Federal Ministry for Economic Cooperation and Development နှင့် the KfW Development Bank တို့၏ငွေကြေးထောက်ပံ့ပေးမှုနှင့် FFI ၏နည်းပညာနှင့် ကြီးကြပ်ကြည့်ရှုပေးမှုတို့ဖြင့် ရေရှည်တည်တံ့သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အင်းတော်ကြီးကန် အာစီယံအမွေအနှစ် ဥယျာဉ်ရှိ ဒေသခံအဖွဲ့အစည်းများကို အသေးစားငွေကြေးထောက်ပံ့မှုအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိ သည်။