Chances for Nature (CFN)

↹ EN

Chances for Nature သည် ရေရှည်တည်တံ့မှုကိုဦးတည်သောခံယူချက်နှင့် စိတ်ကူးစိတ်သန်းများကို သဘာဝကျက်စားရာနယ်မြေများနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်သိမ်းကာကွယ်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ လူသားနှင့်သဘာဝ သဟဇာတရှိစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရှေးရှု၍ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ထိုအဖွဲ့သည် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ကာ အင်းတော်ကြီးဇီဝမျိုးစုံမျိုးကွဲသုတေသနလုပ်ငန်း များနှင့် အင်းတော်ကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ CFN သည် အင်းတော်ကြီးရေဝပ်ဒေသပညာပေးပြခန်းဖြစ်မြောက်ရေးအတွက် Fauna and Flora International သို့နည်းပညာနှင့်ငွေကြေးအထောက်အပံ့ပေးခဲ့ပါသည်။ CFN သည် အင်းတော်ကြီးဒေသရှိ ဒေသခံဆင်ပိုင်အဖွဲ့များကိုလည်း အိမ်မွေးဆင်များ ကျန်းမာရေးပြည့်စုံကောင်းမွန်စေရန် ထောက်ပံ့ပေးလျက်ရှိသည်။