European Union (EU)

↹ EN

ဥရောပသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် မြန်မာအစိုးရ၏ရည်မှန်းချက်များဖြစ်သော မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှုရှိသော ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်အတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။ ၄င်း၏ အစိုးရမဟုတ်သောလုပ်ဆောင်သူများအစီအစဉ်” မှတဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေစီမံခန့်ခွဲရေးနှင့် ရေရှည်တည်တံ့သော သဘာဝသယံဇာတစီမံခန့်ခွဲရေးလုပ်ငန်းများတွင် အင်းတော်ကြီးဒေသရှိ လူမှုအဖွဲ့အစည်းများ၏ကဏ္ဍအား ကောင်းလာစေရန် Fauna and Flora International သို့ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိသည်။