Fauna & Flora International

↹ EN

အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်အဖွဲ့သည် လူသားတို့အနီးပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ကာ ရေရှည်တည်တံ့သောအနာဂတ်ကမ္ဘာကြီးဖန်တီးရန် ရည်မှန်းထားသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည်။ FFI သည် ၂၀၀၈ ခုနှစ်မှစတင်ကာ ဇီဝမျိုးစုံမျိုးကွဲသုတေသနလုပ်ငန်းများကို အင်းတော်ကြီးဒေသတွင်စတင်လုပ် ဆောင်ခဲ့ပြီး အင်းတော်ကြီးဇီဝအဝန်းနယ်မြေသတ်မှတ်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ FFI သည် ဇီဝအဝန်းနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရာတွင် သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အခြား ဒေသတွင်းအစိုးရဌာနများ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် လုပ်ငန်းစတင်အကောင် အထည်ဖော်ချိန်မှစတင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ FFI သည် ဘေးမဲ့တောစီမံခန့်ခွဲခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း၊ သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေး၊ ရေရှည်တည်တံ့သော ငါးလုပ်ငန်းဖော်ဆောင်ခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် ပြည်သူလူထုအခြေပြု စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း၊ သန့်ရှင်းမိလ္လာစနစ်ဖော်ဆောင်ခြင်းနှင့် ပြည်သူလူထုပညာပေးလုပ်ငန်းများတွင် နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိပါသည်။