UNESCO Man and the Biosphere Programme (MAB)

↹ EN

၁၉၇၁ ခုနှစ်တွင်စတင်ခဲ့သော ယူနက်စကိုလူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်သည် လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား ဆက်နွယ်မှုတိုးတက်လာစေရန်အတွက် သိပ္ပံနည်းကျဆောင်ရွက်ရန်ရည်ရွယ်သော အစိုးရ အချင်းချင်းဆက်သွယ်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ လူသားနှင့်ဇီဝအဝန်းနယ်မြေသည် လူသားတို့၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ တိုးတက်စေရန်၊ သဘာဝနှင့်စီမံခန့်ခွဲသော ဂေဟနစ်များအား အကာအကွယ်ပေးရန် သဘာဝ၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးတို့ပေါင်းစပ်ထားသောအစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ထိုအစီအစဉ်သည် လူမှုရေးနှင့်ယဉ်ကျေးမှုရှုထောင့်များအရသင့်တော်ကောင်းမွန်ပြီး သဘာဝ ပတ်ဝန်းကျင်ရှုထောင့်အရ ရေရှည်တည်တံ့သော နည်းလမ်းသစ်များကို အသုံးပြုထားခြင်းဖြစ်သည်။ ဇီဝ အဝန်းနယ်မြေကွန်ယက်သည် အင်းတော်ကြီးကန်အပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၂ နိုင်ငံတွင် နယ်မြေပေါင်း ၆၈၆ ခုရှိပြီဖြစ်သည်။