USFWS သည် မျောက်ဝံကြီးများခြိမ်းခြောက်ခံနေရမှုကိုဖြေရှင်းရန် အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် ဒေသခံပြည်သူများစွမ်းဆောင်ရည်မြှင့်တင်ရေးကို မျောက်ဝံကြီးများထိန်းသိမ်းရေးရန်ပုံငွေမှ တဆင့် ဆောင်ရွက်လျက်ရှိပါသည်။ USFWS သည် အင်းတော်ကြီးဒေသရှိ အရှေ့ပိုင်းမျက်ခုံးဖြူ မျောက်လွှဲကျော်ထိန်းသိမ်းရေးလုပ်ငန်းအတွက် Fauna and Flora International သို့ရန်ပုံငွေထောက်ပံ့ပေး လျက်ရှိသည်။
