Birds

Birds

↹ EN

အင်းတော်ကြီးကန်သည် ခြိမ်းခြောက်မှုအန္တရာယ်ကြုံတွေ့နေရသောမျိုးစိတ်များစွာကျက်စားရာဖြစ်သည့် အလျောက် ငှက်မျိုးစိတ်များအတွက်အထူးအရေးကြီးသောနေရာဖြစ်သည်။ ကန်ပတ်လည်ရှိ စားကျက်မြေ များ၏ဖွဲ့စည်းပုံနှင့်မျိုးစုံကြွယ်ဝမှုကြောင့် ငှက်များအတွက်အရေးပါသောကျက်စားရာနေရာများဖြစ်ပြီး ငှက် မျိုးစိတ်များစုံလင်စွာတွေ့ရှိရစေသည်။ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရေဝေရေလဲဒေများတွင် ငှက်မျိုး စိတ်ပေါင်း ၄၅၀ ကျော်မှတ်တမ်းရှိပြီး ရေငှက်မျိုးစိတ်နှင့်ရေဝပ်ဒေသအမှီပြုငှက်မျိုးစိတ်ပေါင်း ၁၀၀ ကျော် နှင့် သစ်တောငှက်မျိုးစိတ်ပေါင်း ၃၅၀ ကျော်ရှိသည်။ အင်းတော်ကြီးကန်သည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်ကြုံတွေ့နေရသည့် လင်းတနှုတ်သီးမဲ၊ လင်းတကျောဖြူ၊ ကြိုးကြာခေါင်းနီနှင့် ဒုံးမြီးကွက်ငှက်တို့သားပေါက်နေထိုင်ရာအိမ်ဖြစ်သည်။

အင်းတော်ကြီးကန်သည် အာတိတ်စက်ဝိုင်းမှ အရှေ့နှင့် အရှေ့တောင်အာရှတစ်လျှောက် ဩစတြေးလျနှင့် နယူးဇီလန်အထိ နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်သော အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်းထဲ တွင်ကျရောက်နေသည်။ ထိုလမ်းကြောင်းသည် ကမ္ဘာပေါ်ရှိအခြားလမ်းကြောင်းများထက် ရေငှက် မျိုးစိတ်များ၊ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်ကြုံတွေ့နေရသည့်ငှက်မျိုးစိတ်များ၊ ခြိမ်းခြောက် လုနီးပါးအန္တရာယ်ကြုံတွေ့နေရသည့်ငှက်မျိုးစိတ်များအပါအဝင် နှစ်စဉ်ငှက်ကောင်ရေသိန်းပေါင်းများစွာ အသုံးပြုနေသည့်လမ်းကြောင်းဖြစ်သည်။ နှစ်စဉ် နိုဝင်ဘာလနှင့်မတ်လအတွင်း ဘဲခေါင်းစိမ်း၊ Ferruginous pochard, ကြိုးကြာခေါင်းမဲ များအပါအဝင် ငှက်ထာင်ပေါင်းများစွာ အင်းတော်ကြီး ကန်သို့ဆောင်းခိုလာကြသည်။ တရုတ်နှင့်ဆိုက်ဘေးရီးယားမှ ထောင်ပေါင်းများစွာသောဆောင်းခိုငှက်များ ပုံမှန်လက်ခံလေ့ရှိသောကြောင့် အင်းတော်ကြီးကန်ကို ၂၀၀၄ ခုနှစ်တွင်ငှက်ပျံသန်းရာလမ်းကြောင်းမိတ်ဖက် နေရာအဖြစ်သတ်မှတ်ပြီးဖြစ်သည်။ ထိုသတ်မှတ်ချက်ကြောင့် ပျံသန်းရာလမ်းကြောင်းတလျှောက်ရှိ နားခိုရာနေရာ၊ အစာရှာစားရာနေရာများအပါအဝင် သားပေါက်ရာနေရာနှင့် သားမပေါက်ရာနေရာများထိန်း သိမ်းရေးဆောင်ရွက်ရန် သက်ဆိုင်ရာပါဝင်ဆောင်ရွက်သူများအကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ငှက်ပျံသန်းရာလမ်းကြောင်းတဝိုက်မူဘောင်တွင် ပါဝင်နိုင်ရန်အာမခံချက်ရရှိခြင်းဖြစ်သည်။