Community-Based Waste Management

Community-Based Waste Management

↹ EN

စွန့်ပစ်ပစ္စည်းများသည် မြန်မာနိုင်ငံတစ်ဝန်းရှိရေဝပ်ဒေသများအတွက် အကြီးမားဆုံးသဘာဝပတ်ဝန်းကျင်ပြဿနာများထဲမှတစ်ခုဖြစ်သည်။ ပလပ်စတစ်အိတ်များအသုံးပြုမှုများပြားလာခြင်း၊ အမှိုက်၏ဘေးထွက်ဆိုးကျိုးများကို မသိရှိနားမလည်ခြင်းနှင့် ဒေသတွင်းအမှိုက်စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့် အင်းတော်ကြီးကန် ပတ်ဝန်းကျင်တွင် စွန့်ပစ်အမှိုက်များအထိန်းအချုပ်မဲ့စုပုံစွန့်ပစ်ကြသည်။ ၂၀၁၇ ခုနှစ်အထိ အင်းတော်ကြီးဒေသရှိ မည်သည့်ကျေးရွာတွင်မှု စွန့်ပစ်အမှိုက်သိမ်းယူမှုစနစ်လည်ပတ်ခြင်းမရှိပဲ နှစ်စဉ် ဘုရားဖူးတစ်သိန်းကျော်ခန့် လာရောက်လည်ပတ်သောရွှေမဉ္ဇူဘုရားပွဲတော်ကာလများတွင် များစွာသောစွန့်ပစ်အမှိုက်များ စုပုံလာကြသည်။ FFI သည် ဒေသခံလူမှုအဖွဲ့အစည်းများဖြစ်သည့် လုံးတုံကျေးရွာရှိအင်းချစ်သူ၊ နန့်မွန်း ကျေးရွာရှိ ပါရမီလူမှုကူညီရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ပြည်သူလူထုအခြေပြုစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များဖြစ်ထွန်းလာစေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်။ စီမံကိန်းတွင် ပုံမှန်ပညာပေးအစီအစဉ်များ၊ အမှိုက်စုပေါင်းသန့်ရှင်းသည့်အစီအစဉ်များ၊ အမှိုက်ပုံးဖြန့်ဝေခြင်းများ၊ စွန့်ပစ်ပလပ်စတစ်၊ ရာဘာကျွတ် တို့ဖြင့်ပြန်လည်ပြုလုပ်သည့် လက်မှုပစ္စည်းသင်တန်းများ၊ ရေလွတ်သောနေရာများတွင် အမှိုက်ကျင်းများ တူးဖော်ခြင်းနှင့် အလှူငွေ/အခကြေးငွေကောက်ခံသည့် စွန့်ပစ်အမှိုက်ကောက်ယူခြင်းစနစ်များ မိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ပါဝင်ပါသည်။ FFI သည် လူမှုအဖွဲ့အစည်းများ၊ ရွှေမဉ္ဇူဘုရားကော်မတီအဖွဲ့၊ အထွေ ထွေအုပ်ချုပ်ရေးဌာနတို့ကိုလည်း နှစ်စဉ်ရွှေမဉ္ဇူဘုရားပွဲ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်တိုးတက်စေရန်အတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။