Community Forestry

Community Forestry

↹ EN

အင်းတော်ကြီးဒေသခံပြည်သူများသည် သစ်၊ ထင်း၊ သစ်ဥသစ်ဖုနှင့် ဆေးဝါးများကဲ့သို့သော သစ်တောထွက်သယံဇာတများကို ရှေးယခင်ကပင်ထုတ်ယူသုံးစွဲလာကြရာ ၁၉၇၀ ခုနှစ်အထိ ထိုသယံဇာတများပေါကြွယ်ဝခဲ့သည်။ သို့သော် လူဦးရေတိုးပွားလာခြင်းနှင့် သစ်တောသယံဇာတများ စီးပွားဖြစ်ထုတ်ယူသုံးစွဲမှု (အထူးသဖြင့် သစ်နှင့်ထင်း) မြင့်တက်လာခြင်းကြောင့် အင်းတော်ကြီးကန်ရေဝေရေလဲသစ်တောများ ပျက်စီးပြန်းတီးလာပြီး သဘာဝတောရိုင်းတိရစ္ဆာန်နှင့်အပင်များ သိသာထင်ရှားစွာကျဆင်းလာရသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဖြင့် သစ်နှင့်ထင်းများရေရှည်ပံ့ပိုးထုတ်လုပ်နိုင်ပြီး သစ်တောများပျက်စီးပြုန်းတီးမှုကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ Fauna & Flora International သည် အစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့ဖွဲ့စည်းပေးခြင်း၊ ထပ်ဆင့်သင်တန်းများပေးခြင်းနှင့် ရန်ပုံငွေထောက်ပံ့ပေးခြင်းတို့ဖြင့် ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထိုအစုအဖွဲ့များသည် သစ်တောသယံဇာတစာရင်းကောက်ယူခြင်း၊ အစုအဖွဲ့ပိုင်သစ်တောစီမံခန့်ခွဲမှုစီမံကိန်းရေးဆွဲခြင်း၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သစ်တောပြန်လည်ပြုစုပျိုးထောင်ခြင်း၊ သဘာဝအတိုင်းမျိုးပွားခြင်းအတွက်လုပ်ဆောင်ခြင်းနှင့် သစ်တောထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်ရသည်။ ဤလုပ်ငန်းစဉ်များသည် အစုအဖွဲ့ပိုင်သစ်တောနယ်မြေများတရားဝင်မြေပိုင်ဆိုင်ခွင့်ရရှိရေးအတွက် သေချာစေမည်ဖြစ်သည်။ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းစီမံကိန်းတွင် ကြီးမြန်ထင်း မျိုးစိတ်များနှင့် ကြီးထွားမှုနှေးသည့် သစ်သီးပင်များ၊ သစ်မာမျိုးစိတ်များပါဝင်သည်။ အင်းတော်ကြီးဒေသတစ်ခုလုံးရှိ ကျေးရွာများတွင် ထင်းလောင်စာလျှော့ချမီးဖိုများအသုံးပြုခြင်းဖြင့် စွမ်းအင်ထိရောက်စွာအသုံးချမှုကို မြင့်တက်စေပြီး ထင်းလိုအပ်ကိုလည်းလျှော့ချစေနိုင်မည်ဖြစ်သည်။