Research & Monitoring

Research & Monitoring

↹ EN
 

အင်းတော်ကြီးကန်ထိန်းသိမ်းရေးလုပ်ငန်းများကို သိပ္ပံနည်းကျလိုက်လျောညီထွေမှုရှိကာ လက်တွေ့ကျပြီးထိရောက်မှုရှိသော ဆန်းသစ်သည့်နည်းလမ်းများအသုံးပြုကာ ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်ပေါ်နေသောခြိမ်းခြောက်မှုများနှင့် ဖွံ့ဖြိုးမှုအသစ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အင်းတော်ကြီးကန်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ပိုမိုသိရှိနားလည်အောင် ဆက်လက်လုပ်ဆောင်သွားရန်အရေးကြီးသည်။ ဒေသခံ၊ ဌာနေတိုင်းရင်းသားတို့၏ အသိပညာသည်လည်း ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ သဘာဝပတ်ဝန်းကျင်သုတေသနနှင့် လူမှုစီးပွားရေးလေ့လာမှုသုတေသနလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းများသည် ထိရောက်မှုရှိပြီး ဒေသခံများပူးပေါင်းပါဝင်လာမှုရှိစေရန်အရေးကြီးသည်။

လုပ်ငန်းအကောင်အထည်ဖော်ရာတွင် တိုးတက်မှုဖြစ်စဉ်ကို အမြဲမပြတ်စောင့်ကြည့်လေ့လာအကဲဖြတ်ပြီး အင်းတော်ကြီး ထိန်းသိမ်းရေးလုပ်ငန်းအစီအစဉ် ပိုမိုအောင်မြင်စေရန်လိုအပ်ပါက လုပ်ငန်းမဟာဗျူဟာများ ကိုပြောင်းလဲလျက်ရှိသည်။ ပတ်ဝန်းကျင်ထိခိုက်စေသည့်အကြောင်းရင်းများ၊ ပြောင်းလဲလာမှုများနှင့် နောက်ဆက်တွဲဖြစ်စဉ်များကို သိရှိနားလည်စေရန် ကန်ရေပြင်ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များအား ပုံမှန်စောင့်ကြည့်လေ့လာရန်လည်းမရှိမဖြစ်လိုအပ်သည်။ ကန်ရေပြင်ရေအရည်အသွေးကို စနစ်တကျနမူနာကောက်ယူခြင်းနှင့် ဒရယ်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်ကဲ့သို့သော ခြိမ်းခြောက်အန္တရာယ်ကျရောက်နေသည့် တောရိုင်းတိရစ္ဆာန်များကို စောင့်ကြည့်လေ့လာခြင်းသည် ထိန်းသိမ်းရေးလုပ်ငန်းစဉ်ဆက်မပြတ်တိုးတက်စေရန် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ ပုံမှန်ငါးဖမ်းကင်းလှည့်ခြင်းသည် ဒေသခံရေလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းမှုကိုဖူလုံစေနိုင်မည့် ငါးထိန်းသိမ်းရေးဇုံများနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးသည်။ အင်းတော်ကြီး၏ ရမ်ဆာသဘောတူညီချက် နှင့် ငှက်ပျံသန်းရာလမ်းကြောင်းမိတ်ဖက်များသို့ ထားရှိသည့်ကတိကဝတ်ကြောင့် ငှက်များရွှေ့ပြောင်းရာသီတွင် လစဉ်ဆောင်းခိုငှက်စာရင်းကောက်ယူခြင်းအပါအဝင် ပုံမှန်ရေငှက်စောင့်ကြည့်လေ့လာခြင်းများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သုတေသနနှင့်စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်အားလုံးကို ဘေးမဲ့တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ်များနှင့်ပူးပေါင်းကာ ၄င်းတို့၏သဘာဝပတ်ဝန်းကျင်သိပ္ပံနှင့် ဆက်စပ်သည့် စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆောင်ရွက်လျက်ရှိသည်။