Sanitation

Sanitation

↹ EN

၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂမှ သန့်ရှင်းသောရေနှင့်သန့်ရှင်းမိလ္လာစနစ်ရရှိရေးသည် လူ့အခွင့်အရေးဖြစ်သည်ဟု တရားဝင်အသိအမှတ်ပြုကြေငြာခဲ့သည်။ ထိုအသိအမှတ်ပြုမှုသည် အင်းတော်ကြီးကန်ကဲ့သို့ရေဝပ်ဒေသ များအားခြိမ်းခြောက်နေသည့် မသန့်ရှင်းသောမိလ္လာအညစ်အကြေးများကြောင့် ရောဂါဖြစ်ပွားမှုတိုးမြင့်လာခြင်းအား တုံ့ပြန်လိုက်ခြင်းပင်ဖြစ်သည်။ အင်းတော်ကြီးကန်ရေပြင်မျက်နှာပြင်သည် ရာသီအလိုက်မြင့်တက်လေ့ရှိသောကြောင့် မိုးရာသီကာလတွင် ရေလွှမ်းနယ်မြေများရှိ သာမန်တွင်းတူးမိလ္လာကျင်းများမှ မိလ္လာအညစ်အကြေးများသည် အင်းတော်ကြီးကန်ရေနှင့်ရောနှောသွားနိုင်ပြီး ရောဂါပိုးမွှားများပေါက်ပွားကာ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားစေနိုင်ပါသည်။၂၀၁၈ ခုနှစ်တွင် Brandenburg နည်းပညာတက္ကသိုလ်သည် အင်းတော်ကြီးကန်ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး ကျေးရွာအနီးအနားရှိ ရေအရည်အသွေးမှာ ဆိုးရွားစွာကျဆင်းနေသည်ကို မှတ်တမ်းတင်ခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် Fauna & Flora International သည် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် Wetland Works နှင့်ပူးပေါင်းကာ သန့်ရှင်းမိလ္လာစနစ်စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုစီမံကိန်း သည် ရေအရည်အသွေးသုတေသနလုပ်ဆောင်ခြင်း၊ ပညာပေးလုပ်ငန်းများနှင့် ‌ဒေသတွင်းပစ္စည်းများဖြင့် ရိုးရှင်းပြီးဈေးတတ်နိုင်သည့် အိမ်သုံးမိလ္လာကန်စနစ်များတည်ဆောက်နိုင်ရေး အဓိကထားဆောင်ရွက်လျက်ရှိသည်။ အင်းတော်ကြီးကန် ရေလွှမ်းနယ်မြေရှိ ကျေးရွာငါးခုကို စီမံကိန်းပထမအဆင့်အဖြစ်ရွေးချယ်ခဲ့ပါသည်။ FFI သည် ရေလွှမ်းလေ့ရှိသောအိမ်ထောင်စုများ ပထမဆုံးသန့်ရှင်းမိလ္လာကန်စနစ်များတည်ဆောက်နိုင်ရေး ပိုမိုလက်ခံသဘောတူလာစေရန် ရန်ပုံငွေထောက်ပံ့ပေးနိုင်ရေးအတွက် ထိုစနစ်ကိုလျှောက်ထားလျက် ရှိပါသည်။