Nature & Wildlife

Nature & Wildlife

↹ EN

အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများကို အမြင့်ပေ ၁၁၈၀ အထိမြင့်မားသောတောင်တန်းများဖြင့် ဝန်းရံလျက်ရှိသည်။ အမြင့်ပိုင်းတောင်တန်းများကို ရွက်အုပ် ၄၀ မီတာအထိမြင့်မားသော အပူပိုင်းရောနှောစိုစွတ်ရွက်ပြန့်သစ်တောများဖြင့် ဖုံးလွှမ်းထားသည်။ တောင်တန်းများ၏အနိမ့်ပိုင်းတွင် ရောနှောအမြဲစိမ်း တော၊ ခြောက်သွေ့ရွက်ပြတ်တောနှင့် ဝါးတောများဖုံးလွှမ်းလျက်ရှိပြီး တန်ဖိုးရှိသော သစ်မာကျွန်းမျိုးစိတ်များပေါက်ရောက်လေ့ရှိသည်။

အင်းတော်ကြီး၏ အမျိုးစုံလင်လှသော သစ်တောများသည် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်အန္တရာယ်ကြုံတွေ့နေရသော မျောက်မျိုးစိတ်များနှင့် နို့တိုက်သတ္တဝါမျိုးစိတ်များအတွက် ခိုလှုံရာအိမ်ဖြစ်သည်။ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်ကို မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်ဒေသတွင်သာတွေ့ရှိရပြီး အမဲလိုက်ခြင်း၊ တောရိုင်းတိရစ္တာန်ကုန်သွယ်ခြင်း၊ စားကျက်မြေပျက်စီးခြင်းနှင့် စားကျက်မြေအပိုင်းကွဲခြင်းတို့ကြောင့် အလွန်အမင်းခြိမ်းခြောက်ခံနေရသည်။ ထိုမျောက်မျိုးစိတ်သည် ရွက်အုပ်များမှတဆင့် တွဲခိုသွားလာလေ့ရှိပြီး အနိမ့်ပိုင်းအမြဲစိမ်းတောများနှင့် အမြင့်ပိုင်းသမပိုင်းရွက်ပြန့်သစ်တောများတွင်တွေ့ရှိရသည်။   အသီးများ၊ အရွက်များနှင့် အညွန့်များကို အဓိကစားသုံးလေ့ရှိသည်။ မျိုးပြုန်းမှုအန္တရာယ်နှင့်ကြုံတွေ့နေရသော ရှော့ရစ်မျောက်မြီးရှည်မျိုးစိတ်ကို အလားတူပတ်ဝန်းကျင်တွင်တွေ့ရလေ့ရှိပြီး အစားအစာနှင့်တိုင်းရင်းဆေးဝါးအတွက် အလွန်အမင်းအမဲလိုက်ခံနေရသည်။ သစ်ရွက်စားမျောက်များ၏လက်ရှိအခြေအနေကို သိရှိမှုအားနည်းပြီး အင်းတော်ကြီးသစ်တောများတွင် မကြာသေးမီကနောက်ဆုံးတွေ့ရှိခဲ့ရသည်။ ခြိမ်းခြောက်အန္တရာယ်ကြုံတွေ့နေရသောနို့တိုက်သတ္တဝါများဖြစ်သည့် ပြောင်၊ သင်းခွေချပ်နှင့် ဟိမဝန္တာဝက်ဝံနက်များသည် အင်းတော်ကြီးဒေသရှိ သစ်တောများတွင်ကျက်စားနေထိုင်လျက်ရှိသည်။