Bird Watching

Bird Watching

↹ EN

ရေဝပ်ဒေသစားကျက်မျိုးစုံနှင့် ကန်ပတ်လည်ရှိသစ်တောဖုံးလွှမ်းရာတောင်တန်းများရှိရာ အင်းတော်ကြီးဒေသသည် ငှက်ကြည့်သူများအတွက်သုခဘုံဖြစ်သည်။ နှစ်စဉ် နိုဝင်ဘာလမှမတ်လအထိ အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်းအတိုင်း ဆိုက်ဘေးရီးယားမှပျံသန်းလာသော ဆောင်းခိုငှက်များသည် အင်းတော်ကြီးကန်သို့ ဆောင်းတွင်းကာလ ခရီးတထောက်နားရန်နှင့်အစာရှာစားရန်ရောက်ရှိလာကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်ကာ ပုံမှန်ငှက်စာရင်းကောက်ယူရာတွင် ဆောင်းခိုရေပျော်မျိုးစိတ် ၁၀၀ ကျော်ရှိသော ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ဖွယ်မျိုးစိတ်များဖြစ်သည့်  လင်းတနှုတ်သီးမဲ၊ ဝန်ပိုငှက်၊ သိမ်းငှက်၊ ကြိုးကြာခေါင်းနီ၊ ဥပါန်း၊ ငှက်ကြီးဝန်ပိုနှင့် ငှက်ကုလားတို့ပါဝင်သောငှက်အကောင်ရေ ၂၀၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။

အင်းတော်ကြီးကန် မြောက်ဖက်ကမ်းခြေတစ်လျှောက်တွင် ရေပျော်ငှက်မျိုးစုံကျက်စားလျက်ရှိသောကြောင့် စက်လှေဖြင့်သွားရောက်လည်ပတ်ကြည့်ရှုရန် အကောင်းဆုံးနေရာဖြစ်သည်။ ကန်တောင်ဖက်ခြမ်းတစ်လျှောက်သို့ ကယက်ဖြင့်ငှက်ကြည့်သွားခြင်းသည် ငှက်များကိုအနီးကပ်ကြည့်ရှုနိုင်မည့် မယုံနိုင်လောက် အောင်ထူးခြားသောအတွေ့အကြုံကိုရရှိစေမည်ဖြစ်သည်။ အင်းတော်ကြီးကန်တဝိုက်ရှိ ရေဝေရေလဲသစ် တောများသည် အောက်ချင်းငှက်ငါးမျိုးပါဝင်သည့် သစ်တောငှက်မျိုးစိတ်ပေါင်း ၃၅၀ ကျော်မှီတင်းနေထိုင် ရာဖြစ်ပြီး တောင်တက်လမ်းလျှောက်ခြင်းဖြင့် သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ငှက်ကြည့်ခရီးစဉ်များ အားလုံးသည် ငှက်ကြည့်ဝါသနာရှင်များ၊ ငှက်စတင်ကြည့်ရှုသူများအတွက် တစ်မူထူးခြားသောအတွေ့အကြုံရရှိနိုင်မည်ဖြစ်ကာ အတွေ့အကြုံရှိသောငှက်လမ်းညွှန်၊ ငှက်ကြည့်မှန်ဘီလူးများနှင့် ငှက်လမ်းညွှန်စာအုပ်များပါဝင်မည်ဖြစ်ပါသည်။

Option Rate
Guide 20,000 MMK
Boat (northern wetlands) 60,000 MMK
Boat (around the lake) 80,000 MMK
Toucans are members of the Neotropical near passerine bird family Ramphastidae.