Trekking

Trekking

↹ EN

အင်းတော်ကြီးကန်ပတ်လည်ရှိ ရှာဖွေမလေ့လာရသေးသော တောင်များပေါ်သို့ရောက်ဖူးသူလူအနည်းငယ်သာရှိသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးပဋိပက္ခကြောင့် အင်းတော်ကြီးသစ်တောများသို့ သွားလာမှုနည်းပါးပြီး အနောက်ဘက်တောင်တန်းများတွင် မြေမြှပ်မိုင်းများယခုတိုင်ရှိနေသေးသည်။ သို့သော် သွားလာ၍ရသောတောင်တန်းများမှ ရင်သပ်ရှုမောဖွယ်ရာရှုခင်းများ၊ ပုန်းဝှက်ထားသောဘုန်းကြီးကျောင်းများနှင့် အံ့မခန်းရေတံခွန်များကို တွေ့မြင်နိုင်မည်ဖြစ်သည်။ သင်၏တောင်တက်လမ်းလျှောက်ခရီးစဉ်သည် သင်နှင့်အံဝင်ဂွင်ကျဖြစ်နိုင်ပြီး သဘာဝနှင့်တောရိုင်းတိရစ္ဆာန်များတွေ့မြင်နိုင်သည့်အပြင် စိတ်လှုပ်ရှားဖွယ်ရာကျေးရွာနှင့်ယဉ်ကျေးမှုအတွေ့အကြုံများကိုပါခံစားနိုင်မည်ဖြစ်သည်။ ခရီးစဉ်၏ အခက်အခဲအဆင့်နှင့် ကြာချိန်မှာအင်းတော်ကြီးတောရိုင်းတိရစ္ဆာန်များကို တစေ့စောင်းလေ့လာနိုင်မည့် လွယ်ကူသောနေ့တစ်ဝက်ခရီးစဉ်မှသည် တောနက်ထဲသို့သွားရောက်လေ့လာနိုင်မည့် နေ့ပြည့်ခရီးစဉ်ပေါ်မူတည်ပြီးပြောင်းလဲသည်။

ကျွန်ုပ်တို့၏လူကြိုက်များသော ရွှေတောင်ခရီးစဉ်သည် သဘာဝ၊ ယဉ်ကျေးမှုနှင့်ကျေးရွာအတွေ့အကြုံများ ပေါင်းစပ်ထားသော လွယ်ကူသော်လည်းထူးခြားသည့်ခရီးစဉ်ဖြစ်သည်။ တုံစံခကျေးရွာသို့သွားသည့်လမ်း တစ်လျှောက်တွင် ထင်ရှားသောဘာသာရေးနေရာများ၊ မျောက်လွှဲကျော်နှင့်အောက်ချင်းငှက်များ နေထိုင်ရာသစ်တော၊ အင်းတော်ကြီးကန်တစ်ခုလုံးကိုမြင်တွေ့ရသော ထူးခြားသည့်ရှုခင်းနှင့် အလွန်လှပသောအင်းတော်ကြီး‌ကျေးလက်ရှုခင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ဒေသထွက်သဘာဝပစ္စည်းများဖြင့် ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိသည့်နေလည်စာကိုလည်း တည်ခင်းနိုင်မည်ဖြစ်သည်။ အင်းတော်ကြီး တောင်တန်းများ၏ မဖော်ထုတ်နိုင်သေးသောလျှို့ဝှက်ချက်များကို လက်ရှိလမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးလာမှုကြောင့် မကြာမှီစူးလမ်းလေ့လာခွင့်ရရှိနိုင်မည်ဖြစ်သည်။

Option Rate
Guide 20,000 MMK
Transport 15,000 MMK per motorbike (including driver)