အင်းတော်ကြီးကန်ရေပြင်သည် ၁၂၀၀၀ စတုရန်းဟက်တာကျယ်ဝန်းပြီး ၂၂ မီတာအနက်ရှိသည်။ မြန်မာ့အကြီးဆုံး ရေချိုကန်ကြီးတွင် ဒေသမျိုးရင်း ငါးမျိုးစိတ်နှစ်မျိုးနှင့် ငါးမျိုးစိတ်အသစ်ခြောက်မျိုးအပါအဝင် စုစုပေါင်း ငါးမျိုးစိတ် ၉၃ မျိုးတွေ့ရှိရသည်။ ဒေသခံများသည် ရေချိုနှင့် အသက်မွေးဝမ်းကျောင်းရာ ငါးလုပ်ငန်း အတွက် အင်းတော်ကြီးကန်ကိုမှီခိုနေရသည်။ ကန်ပတ်လည်ရှိတောင်တန်းများမှ စီးဆင်းလာသောချောင်း ရှစ်သွယ်ကိုအမှီပြုကာ မြန်မာနိုင်ငံတွင်အကြီးဆုံးရေချိုကန်ကြီးဖြစ်ပေါ်လာသည်။ ထိုချောင်းများသည် အင်းတော်ကြီးကန်ရေ အရည်အသွေးအတွက်အရေးပါသည့်အပြင် အနည်းဆုံး ကုန်းနေရေနေသတ္တဝါ ၁၃ မျိုး၊ ခြိမ်းခြောက်အန္တရာယ်ရင်ဆိုင်နေရသော လိပ်မျိုးစိတ်များအပါအဝင် တွားသွားသတ္တဝါ ၂၃ မျိုးတို့အတွက် အရေးကြီးသောကျက်စားရာနေရာများဖြစ်သည်။ ထိုချောင်းများသည် သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိပြီး မျိုးစိတ်အသစ်များစွာရှာဖွေတွေ့ရှိနိုင်ဖွယ်ရှိသည်။
Wetlands
ရာသီအလိုက် ရေလွှမ်းမြက်ခင်းပြင်များသည် အင်းတော်ကြီးကန်ဒေသတစ်ခုလုံး၏ အရေးကြီးဆုံးသော စားကျက်မြေများဖြစ်ပြီး ကန်ဘေးကမ်းစပ်နှင့် အင်းတော်အထွက်ချောင်းတစ်လျှောက်တို့တွင်တွေ့နိုင်သည်။ မြက်ခင်းပြင်များသည် မုတ်သုန်ကာလအတွင်း ဧရာဝတီမြစ်အတွင်းမှဆန်တက်လာသော ငါးများ၏ အရေး ကြီးသောသားပေါက်ရာနေရာဖြစ်သည်။ အစာရေစာပေါများမှုကြောင့် မြက်ခင်းပြင်များသည် ဘဲ၊ ငန်း၊ ကြိုး ကြာအစရှိသော ရေငှက်များအတွက် အရေးကြီးသောကျက်စားရာနယ်မြေဖြစ်သည်။ ကျယ်ပြန့်သော သဘာဝစိမ့်တောမြေများတွင် မြက်ပင်များ၊ အပင်ငယ်များဖြင့်ဖုံးလွှမ်းလျက်ရှိပြီး အင်းတော်ကြီးကန် မြောက်ဘက်နှင့် တောင်ဘက်ကန်စပ်များတွင်တွေ့ရသည်။ အထူးသဖြင့် အပင်များကျဲပါးစွာပေါက်ရောက် သည့် အင်းတော်ကြီးကန်မြောက်ဘက် ကန်စပ်တွင် ဇီဝမျိုးစုံမျိုးကွဲများပိုမိုကြွယ်ဝစွာတွေ့ရှိရသည်။ ထို သဘာဝစိမ့်မြေများသည် မျိုးပြုန်းမှုအန္တရာယ်နှင့်ကြုံတွေ့နေရသောဒရယ်နှင့် အမျိုးမျိုးသော ထူးခြားရေငှက် မျိုးစိတ်များကျက်စားရာနေရာဖြစ်သည်။ ရေချိုရွံ့နွံသစ်တောများကို ကန်၏နေရာတော်တော်များများတွင် တစ်ချိန်ကတွေ့ရှိခဲ့ရသော်လည်း လူနေအခြေချမှုများ၊ လယ်ကွင်းပြင်များနှင့် ကျွဲနွားစားကျက်မြေများ အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ယခုအခါ အနောက်ဘက်ကမ်းခြေတွင်သာ ရာသီအလိုက်ရေလွှမ်းသစ်တော အနည်းငယ်ကိုတွေ့ရှိရပြီး ခရုစုတ်ငှက်များအစာရှာရာနေရာများဖြစ်သည်။ အချို့သစ်ပင်များတွင် ဥပါန်းနှင့် တင်ကျီးငှက်များအသိုက်ဖွဲ့နေထိုင်သည်ကိုတွေ့ရသည်။