Community-Based Ecotourism

Community-Based Ecotourism

↹ EN

အင်းတော်ကြီးကန်သည် ထူးခြားသည့်ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝပြီး ခမ်းနားထည်ဝါသော ဘာသာရေးဆိုင်ရာ မြင်ကွင်းများကြောင့် ခရီးသွားများကိုဆွဲဆောင်လျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော တွဲဖက်လုပ်ငန်းတစ်ခုအဖြစ်အသိအမှတ်ပြုလာကြပြီး ပြည်သူလူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အင်းတော်ကြီးကန်ထိန်းသိမ်းရေးနည်းဗျူဟာထဲတွင် အရေးကြီးသောအစိတ်အပိုင်းဖြစ်လာသည်။ လုံးတုံကျေးရွာရှိ အင်းချစ်သူကဲ့သို့သော ဒေသခံသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့များစေ့စပ်ညှိနှိုင်းလုပ်ပိုင်ခွင့်ရှိလာစေခြင်းသည် ဒေသခံပြည်သူအခြေပြုတန်ဖိုးမြှင့်ခရီးသွားလုပ်ငန်းဖြစ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသောလုပ်ဆောင်မှုများလျော့နည်းလာစေရန် မရှိမဖြစ်လိုအပ်သည်။ ပုံမှန်ပြည်သူလူထု အစည်းအဝေးပွဲများနှင့် ခရီးသွားလုပ်ငန်းသင်တန်းများဆောင်ရွက်ပေးခြင်းဖြင့် အင်းတော်ကြီးဇီဝအဝန်းနယ်မြေအတွင်းရှိ ပြည်သူလူထုအားလုံး တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာပူးပေါင်းပါဝင်နိုင်ပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းမှရရှိသောအကျိုးအမြတ်များကို ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးစနစ်နှင့် သန့်ရှင်းမိလ္လာစနစ်ကဲ့သို့သော ထိန်သိမ်းရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးရန်ပုံငွေအဖြစ်လျာထားရှိပါသည်။ စိတ်လှုပ်ရှားစရာသဘာဝစွန့်စားမှုများ၊ အမျိုးမျိုးသောခရီးစဉ်များနှင့် သဘာဝနှင့်လိုက်လျောညီထွေမှုရှိသောတည်းခိုနေရာများပေါ်ထွန်းလာခြင်းသည် အင်းတော်ကြီးဇီဝအဝန်းနယ်မြေအတွင်း ထူးခြားပြီးအမှတ်ရအောက်မေ့ဖွယ်ဖြစ်သောစူးစမ်းလေ့လာမှုများနှင့် အတွေ့အကြုံများကိုမလွဲဧကန်ရရှိစေမည်ဖြစ်ပါသည်။