Adventures

Adventures

↹ EN

အခြားအဓိကခရီးသွားလုပ်ငန်းများမရှိသေးသော အင်းတော်ကြီးတွင် တစ်မူထူးခြားသောသဘာဝအလှနှင့် ယဉ်ကျေးမှုတို့ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်နှင့် တစ်ချိန်တည်းမှာပင် ဒေသခံတို့၏လူမှုစီးပွားရေးတိုးမြင့်လာစေရန်ရည်ရွယ်၍ စွန့်စားခရီးသွားဝန်ဆောင်မှုအားလုံးကို ဒေသခံပြည်သူများနှင့် အင်းတော်ကြီးဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှုကော်မတီတို့ အတူတကွပူးပေါင်းကာ ဒီဇိုင်းထုတ်ရေးဆွဲထားခြင်းဖြစ်သည်။ အင်းတော်ကြီး၏ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို အင်းတော်ကြီးအကန်အတွင်း ကယက်ခရီးစဉ်ဖြင့်လည်းကောင်း၊ သစ်တောများထဲရှိ မျောက်လွှဲကျော်များရှာဖွေကြည့်ရှုခြင်းခရီးစဉ်ဖြင့်လည်းကောင်း ခံစားတွေ့မြင်နိုင်မည်ဖြစ်သည်။ အင်းတော်ကြီးကန်သည် ၎င်း၏ထူးခြားလှပသောအလှတရာများဖြင့် အမျိုးမျိုးသောစွန့်စားခရီးများဖြင့်ကြိုဆိုနေမည်ဖြစ်သည်။